၃နဲ့၄နဲ့အဖြစ်လို
ကျောချင်းကပ် အနေအထားနဲ့
ဆန့်ကျင်ဘက်အရပ်ကို
ခြေတစ်လှမ်းလှမ်းတိုင်း
မျက်ရည်တစ်စက် ဘာလို့ကျနေရတာလဲ။
ပေးဆပ်သူလို့လည်း ဟန်မဆောင်လိုပါဘူး
ပိုင်ဆိုင်လိုစိတ် နည်းနည်းတော့ရှိခဲ့တာပဲလေ
အချစ်ကြီးရင် အမျက်လည်းကြီးတတ်တယ်တဲ့
ကြီးမားတဲ့အချစ်တစ်ခုတော့ သူ့အပေါ်ထားခဲ့ဖူးပါရဲ့
ဒါပေမဲ့ မုန်းမျက်လို့မရခဲ့ပါဘူး။
ဦးနှောက်နဲ့ မာနရဲ့စေခိုင်းရာကို
လိုက်နာခဲ့ရတာ
နှလုံးသားက ဓားစာခံပေါ့
တောင်းတဲ့ဆုတိုင်းသာပြည့်မယ်ဆိုရင်
ဖြစ်ချင်တာနဲ့ဖြစ်နေတာ ထပ်တူကျပါရစေ။
No comments:
Post a Comment