သူသာပျော်ရွှင်မှုရမယ်ဆို
ကိုယ့်အတွက်ဆိုတာတောင်မေ့ပြီး
ထပ်တူခံစားပေးနိုင်တဲ့
ကာလာမပါတဲ့ အဖြူရောင်ဂီတလေးပါ...
အချစ်ဆိုတာ
သူစိမ်းရင်ခွင်နှစ်ခုကို
ချည်နှောင်ပေးတဲ့
နူးညံ့သလောက်ခိုင်မာတဲ့ ကြိုးလေးတစ်ချောင်းပါ...
အချစ်ဆိုတာ
အနေနီးခြင်းဝေးခြင်းနဲ့ မသက်ဆိုင်လှပဲ
သူ့အကြောင်းတွေးလိုက်ယုံနဲ့
သူ့ရုပ်လွှာ မြင်ယောင်လာစေတဲ့
ကြည်နူးဖွယ် ကဗျာလေးတစ်ပုဒ်ပါ...
အချစ်ဆိုတာ
မတွေ့မမြင်ရလည်း
သူ့အသံကြားစဉ်ခဏ
ပီတိတွေ တသွင်သွင်စီးဆင်းစေတဲ့
စမ်းချောင်းငယ်လေးတစ်ခုပါ...
အချစ်ဆိုတာ
ကိုယ့်နှလုံးသားထဲမှာ
သူ့တစ်ယောက်ထဲအတွက်
အပြည့်ပေးထားတဲ့
သီးသန့်နေရာလေးတစ်ခုပါ...
No comments:
Post a Comment