Monday, July 19, 2021

မင်္ဂလာလက်ဖွဲ့

မကြင်နာလို့ ထားခဲ့ပြီးပြီပဲ

ရင်နာမယ့် စကားတော့

မကြားပါရစေနဲ့လား

တမင်တကာရှောင်ရင်း

မင်္ဂလာဆောင်နှင်းသွားတဲ့...နင်

တစ်သက်မက ယုံချင်ပေမယ့်

အမှတ်တရ ပုံပြင်တွေသာကျန်

ပုံမှန်လက်ရေးတွေက

စုံကန်ထွက်ပြေးချင်နေမှတော့

ဘဝတစ်လျောက်လုံးအတွက်

ပျောက်ဆုံးတော့မယ့်

အမှတ်တမဲ့လေးတွေကို

ငါ့ရဲ့... နောက်ဆုံးလက်ဖွဲ့ အဖြစ်ပေးခဲ့ပါရစေ။ ။

Saturday, June 19, 2021

လွမ်းနေခွင့်

ချစ်ခဲ့တာ အသည်းကျွမ်းမတတ်

အပြစ်မဲ့စွာ လမ်းခွဲရက်သူရယ်

လေနှင်ရာ နင်လေယိမ်း

မကြင်နာ တမင်တကာစိမ်းလေသလား

အားအင်တွေနဲ့ ထိန်းထားတဲ့ကြားက

ပါးပြင်မှာ စီးကျသွားတာ

တစ်ခါမကပါဘူး ချစ်သူ

အပြစ်မယူချင်ဘူး

လျစ်လျုရှုထားလဲ

ချစ်သူက ချစ်သူပဲလေ

ပြန်မဆုံတဲ့ကြားက

ကြံဖန်ပြီး ယုံထားဆဲပါ

မဖြစ်နိုင်တော့ဘူးတဲ့လား

အချစ်ယိုင်နဲ့မသွားခင်

နမ်းခွင့်လေးများနဲ့ နောက်ဆုံး

လွမ်းခွင့်လေးတော့ ပေးသနားခဲ့ပါ....

Wednesday, May 19, 2021

မြန်မာလိုလေး လှပါတယ်


တို့လူမျိုးက ယဉ်ကျေးမျှတ

သြတ္တပ္ပနှင့် ဟီရိတရား

လက်ကိုင်ထား၍ ငါးပါးကိုယ်ကျင့်

တရားနှင့်သာ မွေ့ပျော်ပါ၏။



ယခုမှာကား ထိုတရားသည်

အမှားအလွဲ တရားမွဲပြီး

မလုံမလဲ ရုံရွဲရွဲနှင့်

အကုန်ပဲပေါ် ဖော်ကုန်ကြပြီ။



တချို့သည်ကား ကြပ်ထုပ်ထားသည့်

စတိုင်တစ်မျိုး အမြင်ဆိုးသည့်

ရင်ကျိုးရပြီ အိုမိခင်တို့။



သင်တို့သည်ကား မြန်ပြည်သားလေ

ဟုတ်လားဝန်ခံ ဟန်ပန်ဘေးချိတ်

"ကျုပ်တိတ်တိတ်လေး ပြောလိုက်ချင်တယ်

မြန်မာအိမ်ကိုချစ်ရင် မြန်မာထဘီလေးဝတ်ကြပါ"။ ။

Monday, April 19, 2021

အကြိမ်ကြိမ်

 မင်းနဲ့မြင်မြင်ခြင်း ချစ်ခဲ့ကြပြီး

ချစ်ပြီးပြီးခြင်း ရန်ဖြစ်ခဲ့တဲ့

ငါတို့ရဲ့အဖြစ်က ရီစရာလား၊

ပျော်စရာလား စိတ်ညစ်စရာလား....

မသိပေမဲ့ တွေ့တိုင်းသတ်ခဲ့ကြတာ

အကြိမ်ကြိမ်ပဲနော် သတ်ပြီးတိုင်းလည်း

ပြန်တည့်ကြတာ အကြိမ်ကြိမ်ပါပဲ...

ပြန်တည့်ပြီးတိုင်း ငါ့ရဲ့ရင်မှာ

မင်းကိုပို၍ တိုး၍ချစ်ခဲ့ပါသည်....

မင်းစိတ်ကောက်လို့ ကျန်ခဲ့ငါ့မှာ

ရင်ထဲအောင့်ကာ မခံနိုင်လို့

ငါပြောတဲ့ခါ မင်းစိတ်ပိုဆိုးပြီး

ပြတ်ပြီပြောကာ ထားရစ်ခဲ့တာ အကြိမ်ကြိမ်ပဲနော်…….

Friday, March 19, 2021

မသိကိန်း

ခွဲခွာခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ

လွတ်လွပ်ခြင်းမရှိတဲ့ ခံစားမှု 

ထိန်းချုပ်မရတဲ့ မျက်ရည် 

အဆုံးမရှိတဲ့ အလွမ်း 

မရေရာတဲ့ မျှော်လင့်ချက် 

အိပ်မရတဲ့ ညနက်နက်တွေ 

အားလုံး...အားလုံး 

မြုတ်နှံကြရတာပါ 

ဒီဇင်ဘာလရဲ့ နံနက်ခင်းမှုန်ဝါးဝါးတွေ 

အခါများစွာတမ်းတဖူးတဲ့ ညနေခင်းတွေ 

အပ်ကွဲခဲ့ရတဲ့ နှလုံးသားတွေ 

အားလုံးဟာ ဝမ်းနည်းဖို့ကောင်းပေမဲ့ 

ကောင်မလေးကတော့ မသိရှာဘူး...

သံယောဇဉ်တွေဟာ လွန်ပူတစ်ချောင်လို 

ရင်ကိုတမြေ့မြေ့ လောင်ကျွမ်းစေခဲ့တာ 

ရင်နာဖို့ကောင်းပေမယ့် 

ကောင်မလေးကတော့ မသိရှာဘူး...

ဆုံတွေ့ဖူးတဲ့ နေရာဟောင်းတွေ 

အထပ်ထပ်ရစ်ပြီးဖွင့်ခဲရရတဲ့ သံစဉ်တွေ 

အားလုံကို တမ်းတနေပေမဲ့ 

ကောင်မလေးကတော့ မသိရှာဘူး... 

အချစ်ဆိုတာ မျက်ရည်နဲ့လောင်း 

နှလုံးသားနဲ့ ပေါင်းသင်းတာကို 

ခံစားတတ်သူတိုင်း နားလည်ပေမဲ့ 

ကောင်မလေးကတော့ မသိရှာဘူးဗျာ...

Friday, February 19, 2021

စင်မတင်ဖြစ်သော

အင်ဂျင်နီယာ ဘူမိဗေဒရဲ့ သီအိုရီတွေ

ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ သက်ရောက်မှု့

ဓာတ်ပုံ၊ မြေပုံ ဘာသာရပ်နဲ့

ကျောက်မျက်များ အကြောင်းက

ငါ့ဦးနှောက်မှာ အလုပ်တွေရှုပ်လို့ပေါ့

ဒါပေမယ့်နှလုံးသားက

ကဗျာတစ်ပုဒ်ကို ရူးသွပ်နေတယ်လေ

"အပျင်းပြေ ဖျော်ဖြေမှုလား"?

"ဟင့်အင်း" "စူးနစ်စွာ ငြိတွယ်မှုပါ"

တကယ်ဆို မျဉ်းပြိုင်တွေတောင်

ဝင်ရိုးစွန်းမှာ ဆုံတွေ့နိုင်ပေမယ့်

ဆုံမှတ်တစ်ခုနဲ့ တို့နှစ်ယောက်ဘဝက

ကြက်ခြေခတ်လို့ "အစွန်းတစ်ဖက်ဆီနဲ့"ပါ

အစွန်းနှစ်ဖက်(တို့နှစ်ယောက်) ပြန်ဆုံမဲ့ရက်ကို

သက္ကရာဇာ်တွေထဲမှာ မျှော်လင့်မိတယ်

ခုတော့ ငါ့ရင်ထဲက ကဗျာတစ်ပုဒ်

စုတ်ချက်ကြမ်းရေးဆွဲနေတုန်း

လောကရဲ့ ခွဲခွါခြင်း ခေါင်းစဉ်အောက်မှာ

ဆေးမခြောက်ခင် အရောင်လွင့်ပြယ်ခဲ့ရတယ်

Tuesday, January 19, 2021

ထွက်သွားပါရစေ

 ကောင်မလေးရယ်... 

ငါနင့်ကိုအရိုးသားဆုံး ချစ်ခဲ့တာပါ... 

ရိုးသားမှူကိုနာကျင်အောင်တော့ မလုပ်လိုက်ပါနဲ့... 

နင်သေသေချာချာ စဉ်းစားပါ... 

နင်ငါ့ကိုပြန်မချင်လဲရပါတယ်... 

ငါနောက်ဆုတ်ပေးပါ့ မယ်... 

ငါလိုချင်တာ နင့်ရဲ့အချစ်စစ် အချစ်မှန်ပါ... 

နင်နားလည် သဘောပေါက်မှာပါ... 

ဘယ်လိုပဲဖြစ်ဖြစ်ပါ... 

ငါခံနိုင်သလောက်တော့ ခံပေးပါ့မယ်... 

မခံနိုင်တဲ့တစ်နေ့တော့ ငါထွက်သွားပါရစေ... 

အဲဒီအချိန်ရောက်ရင် ငါ့ကို မတားပါနဲ့နော်...

Saturday, December 19, 2020

လွမ်းသူ့ပန်းခွေ

အဲဒါ ..

မနေ့ကတင် ဖြစ်ခဲ့တာပါ

ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတစ်ပါးက

ငါနဲ့လက်ထပ်မလား..လို့ ကမ်းလှမ်းလာတယ် ..

ရေကန်က အသင့်ဖြစ်နေပြီလေ ..

ကြာတွေက မပွင့်သေးတာပါ။

မေးခွန်းကိုသာ ရွေးချယ်ခွင့် ရမယ်ဆိုရင်

ငါလည်း စာမေးပွဲဝင်ဖြေချင်တယ်..။

တစ်ချို့လူတွေက ရှာဖွေတွေ့ရှိကြ

တစ်ချို့လူတွေက ကောက်ကြ

တစ်ချို့လူတွေက စုဆောင်းကြ..

တစ်ချို့လူတွေက ရှေကဆက်လျှောက်ကြ။

အားလုံးမှာ တံခါးနှစ်ပေါက်စီရှိတယ်၊ .. လှေခါး နှစ်စင်းစီရှိတယ်၊

အားလုံးရဲ့ နာရေးခရီးကိုလည်း

နှစ်မျိုးနှစ်စား စီစဉ်ထားပြီးသား ရှိတယ် ..။

ကလေးဘဝ ..

လက်ရေးလှ စာအုပ်ထဲက ဝလုံးရွဲ့စောင်းစောင်းလေး ကို

နဂါးခေါင်းလှည့်တဲ့ နေရာ တည့်တည့်မှာမှ

ငါ ချရေးခဲ့မိသလား မပြောတတ်ပါဘူး။

စိတ်ကူး ကျဉ်းကျဉ်းလေးထဲမှာမှ

ခြေလှမ်းတွေက ကျဲခဲ့တယ်..

ဘာတတ်နိုင်မှာလဲ ..

ဒါ.. “ချိန်းဆိုချက်” တစ်ခုပါ

ငါ ရောက်အောင် လာခဲ့တယ်

မိုးခေါင်သလိုမျိုး ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား

တစ်ခါတစ်ရံ ကံကြမ္မာက ဘုရားထူးတာ ခံကြည့်ဖူးချင်လို့ ....

ဒါပေမဲ့....

အိပ်ရာကသာ အကြိမ်ကြိမ် ထခဲ့ရတယ်

နိုဝင်ဘာကတော့ ရောက်မလာခဲ့ဘူး

အရှူံးတွေကို

တံဆိပ်ခေါင်းလို တယုတယ

စုနေခဲ့တုန်းကတော့

ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ်..

ကြည့်စမ်း…….

ငါဟာ မိမွေးတိုင်း ဖမွေးတိုင်းကိုက

လွမ်းသူ့ပန်းခွေဆန်ခဲ့ရတဲ့ကောင်ပါ။


Thursday, November 19, 2020

မျှော်ရည်မှန်းတဲ့မောချမ်းခ

ရင်ထဲမှာ ဖြစ်တည်မွေးဖွားလာတဲ့ အချစ်ကို တု့နှိုင်းစရာတွေ ရှာဖွေမယ်ဆိုရင်ဖြင့် နှလုံးသား ကိုခွဲပြချင်ပါတယ်(အနက်ရှိုင်းဆုံထိအောင်ပေါ့)....

ကိုယ့်ရဲ့ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးရဲ့  ၃၂ကောဠာသ သွေးသားတွေထဲမှာ အချိန်ပြည့်နေရာယူထားတာ ဘယ်သူလဲလို့တော့ မေးစရာလိုမယ်လို့ မထင်ပါဘူး....

မင်းနဲ့ဆုံတွေ့ခဲ့တဲ့နေရာလေးကို အမြဲတမ်းသတိရနေမှာပါ....

ပြန်ဆုံတွေ့နိုင်ဖို့ကိုလည်း အမြဲကြိုးစားနေမှာပါ....

မင်းရဲ့အေးမြတဲ့အငွေ့အသက်တွေသည်သာ ကိုယ်ဘဝရဲ့ ထာဝရအမြတ်နိုးရဆုံးအရာတွေပါ....

နှလုံးသားမှာ သန္ဓေတည်ပြီး မွေးဖွားလာတဲ့ နူးညံ့သိမ်မွေ့ွ့မှုကို ဘယ်အရာနဲ့မှ အစားထိုးပြုပြင်လို့မရပါဘူး....

ရွရွလေးလမ်းသွား တဲ့ခြေလှမ်းလေးတွေ ၊ ဖွဖွလေးနမ်းသွားတဲ့နှင်းပွင့်အနမ်းလေးတွေ၊ အေးမြတဲ့ ထွေးပွေ့မှုလေးတွေသည်သာ ကိုယ့်နှလုံးသားမှာ နေရာယူခဲ့တာပါ....

လူမျိုး၊ဘာသာ၊ယဉ်ကျေးမှု မခွဲခြားပဲ ထွေးပွေ့မှုတွေပေးခဲ့တာ ကျေးဇူးတင်ပါတယ်....

မင်းရဲ့အေးမြတဲ့မေတ္တာတရားတွေ မောမြေကို စီးဆင်နေသမျှ မင်းရှိတဲ့ နယ်မြေကို ခြေချနိုင်မှာပါ....

ကိုယ့်ရဲ့ နှလုံးသားလေးသည်သာ ဒီဇင်ဘာနှင်းပွင့်လေးတွေ ဖြစ်ခဲ့မယ်ဆိုရင် မင်းရဲ့ရပ်တည်မှုတွေ၊ ထာဝစဉ်ဖြစ်တည်နိုင်ဖို့  နှစ်သစ်ကူးနိုင်ရန် လေနု အေးလေးတွေယူဆောင် မင်:ရှိရာအရပ်ကိုမျှော်ရည်မှန်းလို့ လှမ်းလာခဲ့မှာပါ....

Monday, October 19, 2020

ကဗျာဆိုတာ

                                                     




ကဗျာဆိုတာ...

လူ့ စဉ်းစားဉာဏ် ရဲ့ ပဲ့တင်သံ

လူ့ နှလုံးသား ရဲ့ ခုန်လှုပ်သံ

လူ့ စိတ်ဓာတ်ရဲ့ မြည်ဟီးသံ

လူ့ မျှော်လင့်ချက် ရဲ့ သီကျူးသံ

ကဗျာဆိုတာ...

ကျွန်မတို့ ရဲ့ ရုန်း ကန် သံ ပါပဲ။

                                

                                                    အောင်ဆန်းစုကြည်

Saturday, September 19, 2020

ဧချင်း

မနွေးထွေးရင်နေပါ

အဝေးမပြေးရင် ဖြေသာပါတယ်။

အရိပ်ကလေး မြင်ရရုံနဲ့

စိတ်အဆွေး ရွှင်ပျသူပါ။

စွဲလမ်းတယ် ဆိုတာထက်

အမြဲတမ်းအတွက် ရည်ရွယ်သူပါ။

ပြန်မချစ်ရင် နေပါ

ကျန်ရစ်သူရဲ့

ဘဝအရှုံး တစ်သက်လုံးအတွက်

ပြုံးပြရင်းလည်း ကျေနပ်မယ်။

အမုန်းမဲ့ ထုဆစ်ထားတဲ့

အပြုံးတုပဲ ဆိုပါတော့။

ခြောက် သွေ့ ပဲ့ ကြေ

နွေကမ်းခြေမှာ

စမ်းရေအဖြစ် သိမ်းထားမယ်။

                                                                                            မောင်လှမျိုး {ချင်းချောင်းခြံ}

Sunday, July 19, 2020

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့

ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး

ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား

သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။

သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။

နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ

မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍

ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။

                                                                                        သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)

Monday, June 1, 2020

မိုးချစ်သူ

လောင်ကျွမ်းနေတဲ့

နှလုံးသားတစ်ခုပေါ်ကို

တစ်စက်ဆိုရုံလေး ခပ်ဝေးဝေးကပဲဖြစ်ဖြစ်

မင်းရွာချလိုက်ပါလား

ငါ့မှာတော့ဘယ်အခါညိုလို့

ဘယ်အခါပြိုမလဲ

မင်းရဲ့အသံလေးကိုနားစွင့်

မျှော်လင့်လို့နေလိုက်ရတာ

အချိန်တန်တော့လည်း မင်းကတဂျိမ်းဂျိမ်းနဲ့

ရှောင်တိမ်းလို့သွားနေလိုက်တာ

အမှတ်တမဲ့ပဲလို့ မင်းပြောအုံးမှာလားကွာ

ဒီလိုနဲ့ပဲ

ခြောက်ကပ်ကပ်နဲ့ အိမ်ပြန်ရက်တွေဆက်ခဲ့ရတာ

မင်းနဲ့ပက်သက်တဲ့ငါ့ရဲ့ အမှတ်တရလေးတွေပါ.......

Saturday, April 11, 2020

ပိတောက်ပန်းချစ်သူ

ဘုရားကို တစ်ခိုင်လှူ

ချစ်သူကို တစ်ခက်ပေး

ရတက်အေးစေဖို့

တစ်သက်မဝေးရအောင်

အမျက်ကလေးပြေဖို့

ဆုပန်ချွေ....။



နေကလည်နေ

နွေကလည်းနွေ

မေကလည်းမေ

ပိတောက်ပန်းတွေ

ဝေဝေပန်လို့

မူဟန်နွဲ့လှနေ....။



သင်္ကြန်ရေ အတူချိုး

နွေမိုး မသက်ခင်

ရင်ခွင်တိုး တိုးဖက်

လွတ်မထွက်အောင်ထွေး

ပန်းကို  မွှေးလို့

ပါးကိုနမ်း

ရွင်လန်းရင်ခုန်

မလုံမလဲ

အသည်းသိမ့်နွေးနွေး

ချစ်တေးထွင်းဖောက်

နေ့စဉ် ပိတောက်ပွင့်ပါစေ....။

Saturday, April 4, 2020

စိုး


မိပိတောက်

ညည်းရောက်လို့ လာပြီနော်

ငါ့မှာလေ တွေ့ချင်စိတ်နဲ့

အိပ်စက်မပျော်....

မျှော်သာမျှော်

ပေါ်လာတော့ ခူးခက်သေး

လက်ထဲမှာ ရနံ့ပြယ်လို့

ချက်ချင်းကွယ် နွမ်းကြွေညှိုးမှာ

စိုးရွံတယ်လေ......

Wednesday, April 1, 2020

အေပရယ်(လ်)ဖူး(လ်)


ဘယ်လိုလဲ သင်္ကြန်ရယ်

နင်နဲ့ငါနဲ့တော့

ခဏခဏ ရန်ဖြစ်နေရတာပဲကွယ်

ခုလည်း နင်က

ပိတောက် အားကိုးနဲ့

ငါ့ကို ပုတ်နှိုးလိုက်ပြန်ပြီပေါ့

အားနာပါဦးတော့လား

ရိုးရိုးသားသားမှားခဲ့တဲ့

နှလုံးသားလေးပါ

ကဗျာ မဆန်ခဲ့ဘူး

အရူးတစ်ယောက်လို

နင့်ကို ငါကြောက်တယ် မိပိတောက်

တစ်နှစ်တစ်ခါ ဒီဒဏ်ရာ

နာကျင်ခံခက် နှိပ်စက်လို့

ရင်နာနာနဲ့ ရယ်ရတယ်

ရေစိုနေတဲ့ အိပ်မက်လေး

ဖျားနာခဲ့ပါပြီကွယ်

အားနာပါတော့ သင်္ကြန်ရယ်

ငါ့ကို ထပ်မတွေ့ပါနဲ့တော့လေ.....

Friday, February 21, 2020

အတိတ်

အတိတ်တွေနဲ့ ရောထွေးစုပုံထားတဲ့ အတွေးတွေကို

သိုဝှက်သိမ်းထားခဲ့တာ ကြာပါပြီ...

ကြီကျယ်ခမ်းနားပြီး ယုံပါဆိုတာလောက်နဲ့

မေတ္တာတရားကိုအလွဲသုံးစား မလုပ်ပါနဲ့...

တစ်ချိန်က မင်းပေးခဲ့တဲ့ အချစ်တွေဟာ

ကိုယ့်ကို ထိုးမယ့်ဓားမှန်း မသိခဲ့ပါဘူး...

ပစ်စလက်ခတ် မဖြစ်ချင်ခဲ့ပေမယ့်

နှလုံးသားက ဖျားနာမှုကိုတော့

မျက်စပစ် ပြနေပါပြီ...

ရက်စက်ခြင်းကို မေ့ဆေးကျွေးရုံနဲ့

ဒဏ်ရာတွေအေးခဲသွားရင် သိပ်ကောင်းမှာပဲ...

နောက်ဆုံးတော့ အဆုံးသတ်မကောင်းတဲ့

ဇာတ်လမ်းတစ်ပုဒ်ကို

ဒဏ်ရာတွေ တနင့်တပိုးနဲ့

နာကျင်နေလဲ

ရိုးရိုးလေးပဲ သရုပ်ဆောင်ပေးပါ့မယ်

ကောင်မလေးရယ်...

Friday, February 14, 2020

မင်္ဂလာလက်ဖွဲ့


မကြင်နာလို့ ထားခဲ့ပြီးပြီပဲ

ရင်နာမယ့် စကားတော့

မကြားပါရစေနဲ့လား

တမင်တကာရှောင်ရင်း

မင်္ဂလာဆောင်နှင်းသွားတဲ့...နင်

တစ်သက်မက ယုံချင်ပေမယ့်

အမှတ်တရ ပုံပြင်တွေသာကျန်

ပုံမှန်လက်ရေးတွေက

စုံကန်ထွက်ပြေးချင်နေမှတော့

ဘဝတစ်လျောက်လုံးအတွက်

ပျောက်ဆုံးတော့မယ့်

အမှတ်တမဲ့လေးတွေကို

ငါ့ရဲ့... နောက်ဆုံးလက်ဖွဲ့ အဖြစ်ပေးခဲ့ပါရစေ။ ။

Friday, January 24, 2020

သနပ်ခါး

သနပ်ခါးတင်

ပါးပြင်ထက်မှာ

ထားခင်နှမ

ကြွားချင်စရာ

မြန်မာ့အလှနဲ့

လှခေါင်သက်လယ်

လှသွေးကြွယ်တို့

လှချင်းရယ်ပြိုင်

ကမ္ဘာတိုင်စေ

လက်မိူင်တွေအောင်

ရွေးရခက်တယ်

နှမငယ်ရေ

Friday, January 17, 2020

အချစ်=အပယ်ခံ

မင်းသိရဲ့လား...

တဖွဲဖွဲရွာနေတဲ့ မိုးစက်တွေကြား

တစ်လောကလုံးလင်းနေသားနဲ့

ငါ့နှလုံးသားတစ်ခုထဲ အမှောင်ကျ

မင်း......ငါ့ကို

ထားခဲ့တုန်းကပေါ့...



အပျံသင်စ ငှက်တစ်ကောင်ကို

မညှာမတာ အတောင်ရိုက်ချိုးခဲ့သလိုပါပဲ...



မင်းအတွက်ဆိုရင်

မိဘ နဲ့ ပတ်ဝန်းကျင်ကြား

ဘေးစကားတွေကို ပစ်ပယ်လို့

" ချစ်တယ် " ဆိုတဲ့ စကားတစ်ခွန်းနဲ့တင်

အရာအားလုံးကို ဆန့်ကျင်ရဲခဲ့တာလေ..

ဟိုး...ကောင်းကင်ထိပျံတက်

ခရီးမိုင်များစွာအတွက်

လက်တွဲမဖြုတ်စတမ်း ငါနဲ့အတူပျံသန်းမယ်တဲ့...

ပေးခဲ့တဲ့ ကတိတွေပျက်သုန်း

ငါ့ရဲ့ ရည်ရွယ်ချက်တွေလဲ ပျောက်ဆုံးခဲ့ပြီ...



အခုတော့..

မင်းမရှိတဲ့ ရာသီရဲ့နေ့စွဲတွေထဲ

အထီးကျန်ဆန်ပြိုလဲလို့

လွမ်းတဲ့စိတ်နဲ့ပဲ

မင်းအရိပ်လေးကိုအိပ်မက်

ဂယောင်ခြောက်ခြားသွေးပျက်နေဆဲပါ...



စာမလာ သတင်းမကြားပဲ

မင်း...ငါ့ကိုထားခဲ့ပေမယ့်

မင်းကြောင့်ကျခဲ့တဲ့ မျက်ရည်ရဲ့အငွေ့ကိုတောင်မှ

မင်းကို မခံစားစေချင်ခဲ့ဘူး...



ရေစက် မဆုံလို့ဝေးခဲ့ရပြီပဲ

ငါတစ်ယောက်ထဲ စိတ်ချမ်းသာဖို့

မင်းပြန်လာပါလို့ လဲ မမျှော်လင့်ချင်တော့ဘူး...



ထားခဲ့ဖူးတဲ့ မေတ္တာအတွက်ပဲ

လှိုက်လှိုက်လှဲလှဲ တောင်းဆုပြုခဲ့တယ်...

အခုဘဝကစလို့ နောင်သံသရာအဆက်ဆက်

အချစ် နဲ့ပတ်သက်သမျှ

မမြင်ရ မကြားရ

နှလုံးသားကတောင်မှ

မခံစားတတ်သောသူသာ

ဖြစ်ရပါလို၏...

Friday, January 10, 2020

တစ်သက်စာဒဏ်ရာ

နင်ကတော့ အမှတ်တမဲ့ ကြဲချလိုက်တာပါ....


ဒီကောင်ရဲ့ ရင်ထဲမှာတော့ ခပ်ရိုင်းရိုင်း ရင်ခုန်သံတွေ ဆူညံနေခဲ့တာပါ...


ဒါဟာ အိပ်မက်တစ်ခု မဟုတ်ခဲ့ပါဘူး...


နင်ကြည့်လိုက်တဲ့ မျက်ဝန်းလေးတွေဟာ မြားတစ်စင်းဆိုရင်တောင်...


ငါ့ရဲ့ ဘယ်ဘက်ရင်အုံဟာ အသင့်ရှိနေမှာပါ...


နင်မပြုစားပေမယ့် ငါ့မှာတော့ အရူးတစ်ယောက်လိုဖြစ်နေပါပြီ...


နင့်ရဲ့ အမှတ်တမဲ့ ဆိုပေမယ့် ငါ့အတွက်...


ဘဝပျက်မတတ် လောင်ကျွမ်းမယ့်


မီးတောက်တစ်ခုလား ကောင်မလေးရယ်....

Friday, January 3, 2020

အတိတ်မှာပဲ ထာဝရ

ကာရံမဲ့နေတဲ့ တီးတိုးပြောသံတစ်ခုရယ်

ငါ့နှလုံးသားထဲက အထီးကျန်ပွင့်နေတဲ့ ပန်းတွေရယ်

အိမ်မက်တစ်ခုရဲ့ ဖျော့တော့တဲ့အရောင်ရယ်

ကြင်နာမှုတစ်ခုရဲ့ အမှတ်တရတွေရယ်

ငါ့ဒဏ်ရာကိုလောင်မြိုက်စေတဲ့အချစ်ကြိုးတွေရယ်

မျက်ရည်ကျသွားရတဲ့ အချိန်ခဏလေးတွေရယ်

အခုတော့အမုန်းတွေအားလုံးအဝေးမှာ ဝေ၀ါးကျန်နေရစ်ခဲ့ပါပြီ

ငါ့ဘဝတစ်ခုလုံးရင်းပြီး မင်းကိုချစ်နိုင်ပါတယ်

ဒါတောင် မင်းငါ့ဆီပြန်မလာတော့ဘူးဆိုရင်

အခုကစပြီး အရိပ်တစ်ခုအဖြစ်နေပါတော့မယ်......

Friday, December 27, 2019

တုန့်ပြန်မှု

ရင်ခွင်မမှားပါနဲ့ဟာ

ငါဟာနင့်အနားမှာပါ

ခြေစုန်ကန်သွားပေမဲ့

ရင်ခုန်သံမရပ်နားသေးပါဘူး

နင်ငါ့နားမရှိတော့လဲ

အလွမ်းများစွာ ကျန်ပါသေးတယ်

တခမ်းတနားတော့ မဟုတ်ပါဘူး

အနမ်းတစ်ချို့နဲ့ပါ

ကြမ်းတမ်းစွာပြောခဲ့တဲ့

မင်းစကားအတွက်

ငါ့အပြုံးလေး လက်ဆောင်ပေးထားပါတယ်

မင်းအသဲကွဲတဲ့အခါ ထုတ်ကြည့်ပေါ့........နော်

Friday, December 20, 2019

နင်ထားသွားရင်


ငါအရင်က နင်ထားသွားရင် ရူးသွားလိမ့်မယ်လို့ထင်တာ

ခု ရူးလဲမရူးသွားပါဘူး ...

ရူးမသွားတဲ့အပြင် အရင်ကမေ့ထားပြီးသား

အမှတ်တရလေးတွေတောင်ခုမှတစ်ကအစသတိတွေရလို့ ...


ငါအရင်ကနင်ထားသွားရင် မုန်းမိမယ်ထင်တာ

ခုတော့နင့်ကိုလဲမမုန်းဘူး ...

ငါကိုယ်တိုင်လဲမပျော်ဘူးဟာ..


ငါအရင်ကနင်ထားသွားရင် ခဏခဏငိုမိမယ်ထင်တာ

ခုတော့မငိုမိပါဘူး...

ဒါပေမယ့် ငါ့တစ်ဘဝလုံးအပြုံးမရှိတော့ဘူး ...


ငါအရင်ကနင်ထားသွားရင် လွတ်လပ်သွားမယ်ထင်တာ

ခုတကယ်ကမလွတ်လပ်ဘူး..

ငါတစ်ယောက်တည်း နင့်အရိပ်တွေကြားမှာပိတ်မိလို့ ...

ငါတစ်ယောက်တည်းလွမ်းနေတာပါဟာ..........

Friday, December 13, 2019

အွန်လိုင်းချစ်သူ

နင်ဘယ်သူလဲမသိခဲ့ပါဘူး

ငါသိတာ နင့်အကောင့်က

ကိုးရီးယားမင်းသမီးပုံပါ

နင်ဘယ်ကလဲမသိခဲ့ပါဘူး

အွန်လိုင်းမှာဆုံမယ့်

အချိန်ကိုပဲစောင့်ခဲ့ရတာပါ

နင့်အသံကိုမကြားဖူးပါဘူး

ဖန်သားပြင်ပေါ်မှာ မြင်နေရတာ

သာကူထက်ချိုတဲ့ နင့်ရဲ့တော်ကီတွေပါ

အမှန်လားအမှားလား ဘာမှန်းမသိတာကိုပဲ

ငါကချစ်မိသွားတယ်ဆိုရင် နင်ယုံနိုင်မလား

တကယ်တော့ နင်ကမှော်ဆရာတစ်ယောက်ပါ

မကြားရမမြင်ရ သံယောဇဉ်တွေနဲ့

ငါ့ရဲ့နှလုံးသားကို ဆွဲစားသွားတာပါ……

Friday, December 6, 2019

အလွမ်းချည်တိုင်

သီကုံးခဲ့တဲ့  အလွမ်းတွေ

ကြိုးပြတ်ကျတဲ့ နေ့ ……

အခန်းထဲက လဲပြိုနေတဲ့

ဂီတာမှာ ကြိုးတွေ မရှိဘူး …

ပြတင်းပေါက်က ခုန်ထွက်ဖို့

ကြိုးစားနေတဲ့ ငါ့ရဲ့ မွန်းကျပ်မှုတွေ

တော်ပါတော့ ….

လုံလောက်ခဲ့ပါပြီ …..

ပြန့်ကျဲ နေတဲ့ ကဗျာတွေ

ငါ လစ်လျူရှု့ထားတယ် …

သူတို့လည်း ငိုချင်မှာပေါ့ …

ငါ မတားပါဘူး …… …..

ငါ မပြောတော့ဘူး …….

အကျီ ဟောင်းတစ်ထည်ပေါ်က

ဆွေးမြေ့ ဒဏ်ရာတွေ ….

မလျှော်တော့ဘူး ….

သိမ်းထားလိုက်မယ်…

ခုချိန် ………

ငါ့ မှာ ချမ်းသာတာ ….

 အလွမ်းတွေပဲ ရှိတယ် ………..

Friday, November 29, 2019

လွမ်းနေယုံပေါ့

အမှန်တိုင်း ဝန်ခံပါရစေတော့ ချစ်သူရယ်

မင်းနဲ့ ပက်သက်တဲ့ ငါ့ရဲ့ ညကဗျာ

အမြဲတမ်း မလှပခဲ့ဘူးဆိုတာကိုလေ

ကော်ဖီခါးခါး တစ်ခွက်ထက် အလွမ်းချိုချို တစ်ပုဒ်က

ညစဉ်ညတိုင်း ငါ့မျက်လုံးတွေကို နှိပ်စက်နေတယ်

ငါ့ကို အိပ်စက်ခွင့်ပြုပါ ချစ်သူရယ်

ကုန်ကုန်ပြောရရင် ငါပိုင်တဲ့ ငါ့ရဲ့ အတွေးနဲ့ နှလုံးသားကို

ထာဝရ အိပ်စက်ခွင့်ပြုလိုက်ချင်ပါတယ်

<ဒါပေမယ့်>

အတွေးနဲ့ နှလုံးသားက ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ကို

လက်မခံကြဘူးလေ

အဲဒီတော့ လွမ်းနေလိုက်ယုံပေါ့

Friday, November 22, 2019

ချစ်ဦးမေ

လွမ်းရစ်မြူဝေ

ဆိုင်းခိုလေသလား

ရင်ကိုခါးသက်

အိမ်မက်ပျက်စီး

အနီးဆုံးလည်း

ငါ့မှာသောကမဲ့ခဲ့ပြီ...

တိမ်ထူညအဆင်း

ဖော်မဲ့ခြင်းမှာ

တမ်းတခါခါ

မင်းတယောက်သာမို့

လွမ်းရည်ညှိ့တက်

လွမ်းရက်ဆက်ပြီ

လွမ်းရစ်မြူဝေ

ချစ်ဦးမေ.....

Friday, November 15, 2019

နတ်သမီး

သူ့ပါးမို့မို့…ချစ်စရာမို့

သူ့မျက်ဝန်းရယ်…လဝန်းနှယ်

သူ့ကိုယ်ရောင်ရယ်…ငွေအဆင်းခြယ်

အလင်းတွေပေးတယ်..တစ်ကမ္ဘာလုံးဝယ်

ကြယ်လေးတွေလည်းမင်းနားဝယ်

ညဆိုစုဝေးခစားတယ်…

ငါလည်းအမြဲတမ်းမင်းအနားဝယ်

ခစားချင်တယ်..တစ်သက်လုံးကွယ်

မြတ်နိုးခွင့်တော့..ပေးသင့်တယ်

ချစ်လှစွာသော..နတ်သမီးရယ်

Friday, November 8, 2019

ငါ့ရဲ့ဝဋ်ကျွေး

ငါ့ရင်ထဲမှာ နာကျင်နေတယ်

ငါ့ရင်ထဲမှာ ငိုကျွေးနေတယ်

ငါ့ရင်ထဲမှာ ကြွေကွဲနေတယ်

ငါ့ရင်ထဲမှာ အောက်မေ့နေတယ်

ငါ့ရင်ကွဲကြေကွဲ ငိုရှိုုက်နေတယ်

ငါလွမ်းတိုင်းလဲ မင်းဖြစ်နေတယ်

သံသရာမှာ ဝဋ်ကျွေးရှိတာဖြစ်လိမ့်မယ်

သံသရာ ဝဋ်ကျွေးမပြယ်သေးလို့

ငါပေးဆပ်တယ် ချစ်သူရယ်....

မမြင်ဘူးပဲ ငါချစ်တယ်

ဖြူစင်အချစ် ရင်ထဲဖြစ်တည်

တကယ်ချစ်ခဲ့ပါတယ်

ချစ်သူရယ်.....

Friday, November 1, 2019

ကြယ်ကြွေချိန်ဆုတောင်း

ချစ်သူကပေးတဲ့ဒဏ်ရာတွေ

ကုစားရင်း မြက်ခင်းပေါ်ကျောခင်းမိတော့

ဖြစ်ပျက်ခဲ့သမျှတွေ

အကွက်ကျကျ ပြန်မြင်ယောင်မိတယ်...

ချစ်တယ်လို့ပြောခဲ့တာ

မုသားမပါတဲ့

ငါ့ရင်တွင်းစကားစစ်စစ်ပါ...

မင်းချန်ထားခဲ့မယ်လို့

ငါမှမထင်တတ်ခဲ့ပဲ

ကျန်ခဲ့တော့လည်း

ငါ့ကံပေါ့ချစ်သူ...

ရင်တွင်းဒဏ်ရာ

အနာမကျက်သရွေ့

ငါကြိုးစားကုရဦးမယ်....။

ကောင်းကင်ပေါ်ခေါင်းမော့ကြည့်မိတော့

ဖြုတ်ခနဲဆို ကြယ်ကြွေအသွား

ငါဆုတောင်းလိုက်မိတာက

ပြန်ဆုံဖို့မဟုတ်သလို

နင့်အချစ်ပြန်ရဖို့လဲမဟုတ်ခဲ့ပါဘူး

ငါနင့်ကိုမေ့နိုင်ဖို့ပါ.....

Friday, October 25, 2019

အချစ်ဆိုတာ

သူသာပျော်ရွှင်မှုရမယ်ဆို

ကိုယ့်အတွက်ဆိုတာတောင်မေ့ပြီး

ထပ်တူခံစားပေးနိုင်တဲ့

ကာလာမပါတဲ့ အဖြူရောင်ဂီတလေးပါ...

အချစ်ဆိုတာ

သူစိမ်းရင်ခွင်နှစ်ခုကို

ချည်နှောင်ပေးတဲ့

နူးညံ့သလောက်ခိုင်မာတဲ့ ကြိုးလေးတစ်ချောင်းပါ...

အချစ်ဆိုတာ

အနေနီးခြင်းဝေးခြင်းနဲ့ မသက်ဆိုင်လှပဲ

သူ့အကြောင်းတွေးလိုက်ယုံနဲ့

သူ့ရုပ်လွှာ မြင်ယောင်လာစေတဲ့

ကြည်နူးဖွယ် ကဗျာလေးတစ်ပုဒ်ပါ...

အချစ်ဆိုတာ

မတွေ့မမြင်ရလည်း

သူ့အသံကြားစဉ်ခဏ

ပီတိတွေ တသွင်သွင်စီးဆင်းစေတဲ့

စမ်းချောင်းငယ်လေးတစ်ခုပါ...

အချစ်ဆိုတာ

ကိုယ့်နှလုံးသားထဲမှာ

သူ့တစ်ယောက်ထဲအတွက်

အပြည့်ပေးထားတဲ့

သီးသန့်နေရာလေးတစ်ခုပါ...

Friday, October 18, 2019

ရယူလိုသောဆု

နတ်ပြည်ရောက်၍
ဝင်းတောက်ထိန်လျှံ နတ်ဗိမာန်နှင့်
နေရန်အကြောင်း၊ ဆုမတောင်းပါ။

ဗြဟ္မာဘုံရောက်၊ ရွှေရောင်တောက်၍
မြင့်မောက်ဂုဏ်သိန်၊ သူ့စည်းစိမ်ဖြင့်
ဇိမ်ခံလိုကြောင်း၊ ဆုမတောင်းပါ။

ရည်မှန်းချက်ကို၊ စောင့်လျက်နေ့ည
သက်ပြင်းချ၍၊ ကြောင့်ကြပူပင်
ကိုယ်တွင်ဆုတ်နစ်၊ မြူညစ်စိတ်နွမ်း
မဖုံးလွှမ်းဘဲ။

လောဘပိုကဲ၊ ဆန္ဒဇွဲနှင့်
စိတ်ထဲယဉ်ယဉ်၊ ဘဝမြင့်ကာ
ကိုယ်ထီးသာလျှင်၊ ထွေရာစိတ်ကူး
အရူးယောကျ်ား၊ မဟုတ်ငြားဘဲ။

ကိုယ်၏ဇွဲမာန်
ကိုယ့်အားမာန်ကို၊ အမှန်မသိ
မချိပူဆာ၊ နောင်ခါနောင်ရေး
ပူဆွေးမရွှင်၊ လိုချင်အခွင့်
မျှော်တလင့်ကြောင့်၊ သူဖြင့်ကိုးစား
သူ့အားတာတီ၊ မပီယောကျ်ား
မဟုတ်ငြားဘဲ။

ရလိုသမှု၊ လှူလှူလောဘ
ကင်းစင်ပ၍၊ ဒေါသမထန်
မာန်မာမရှိ၊ ပကတိသို့
ငြိမ်ဘိစိတ်တွင်၊ ပတ်ဝန်းကျင်နှင့်
အစဉ်လက်တွဲ၊ ခွာမရှဲဘဲ
မြဲသည်သတိ၊ သိသည်ဝန်တာ
ဤလူ့ရွာဝယ်၊ သာမန်စိတ်ထား
လူသားစင်စစ်၊ ဖြစ်လိုပါကြောင်း
ငါဆုတောင်း၏ ။    ။

Friday, October 11, 2019

တောင်းဆု

၃နဲ့၄နဲ့အဖြစ်လို

ကျောချင်းကပ် အနေအထားနဲ့

ဆန့်ကျင်ဘက်အရပ်ကို

ခြေတစ်လှမ်းလှမ်းတိုင်း

မျက်ရည်တစ်စက် ဘာလို့ကျနေရတာလဲ။

ပေးဆပ်သူလို့လည်း ဟန်မဆောင်လိုပါဘူး

ပိုင်ဆိုင်လိုစိတ် နည်းနည်းတော့ရှိခဲ့တာပဲလေ

အချစ်ကြီးရင် အမျက်လည်းကြီးတတ်တယ်တဲ့

ကြီးမားတဲ့အချစ်တစ်ခုတော့ သူ့အပေါ်ထားခဲ့ဖူးပါရဲ့

ဒါပေမဲ့ မုန်းမျက်လို့မရခဲ့ပါဘူး။

ဦးနှောက်နဲ့ မာနရဲ့စေခိုင်းရာကို

လိုက်နာခဲ့ရတာ

နှလုံးသားက ဓားစာခံပေါ့

တောင်းတဲ့ဆုတိုင်းသာပြည့်မယ်ဆိုရင်

ဖြစ်ချင်တာနဲ့ဖြစ်နေတာ ထပ်တူကျပါရစေ။

Friday, October 4, 2019

လွမ်းတတ်သူ

အရမ်းအရမ်း လွမ်းတတ်ပေမယ့်

နမ်းခွင့်တွေကြုံတိုင်း

တွေဝေခဲ့တာ ငါ့အမှားပါ

မထိရက်နိုင်ဘူး အချစ်ရယ်

မင်းရယ်ပုံလေး ပျောက်မှာဆိုးလို့

ငါမမေ့တော့ဘူး

မင်းရဲ့ အေးဆေးတဲ့ဟန်လေးကို

တစ်သက်လုံး ပုံကာထားပြီး

ချစ်မယ်လို့ မျှော်လင့်ထားမှပဲ

ဝေးကွာမှုတွေ ဝင်လာပြီကွာ

ဟာ...သွားပြီ ငါရူးတော့မယ်

တို့နှစ်ယောက်ကြားမှာ

လွမ်းစရာတွေကြီးပဲ

ရင်ကိုနွေးစေတဲ့

မင်းအပြုံးလေးလွမ်းမယ်

တစ်ခါတစ်ခါ

မင်းအသံလေးလွမ်းမယ်

အမှတ်တမဲ့

မင်းရဲ့ပုံတွေလဲပါနေမှာပဲ

ရောက်ခဲ့ဖူးတဲ့နေရာတွေလဲ

ငါ့မမေ့တမ်းလွမ်းမယ်

အစအဆုံးပဲ

ဆံပင်ကနေ

ခြေဖျားထိအောင်လွမ်းမယ်

အဲ့ဒီအလွမ်းမှာသာ

တောင်ပံပါခဲ့ရင်တော့

မင်းဆီအရောက်

ငါပျံလာမှာပါ ချစ်ရယ်

ခုတော့တွေးရင်းနဲ့ပဲ

ဆက်လွမ်းလိုက်ဦးမယ်.....

Friday, September 27, 2019

အပြစ်မမြင်

ရင်မှာကြေကွဲ သူထားခဲ့လဲ 

အပြစ်မမြင် ချစ်ချင်သေးတယ် 

သူ့ရဲ့စကား ကြားပါများလဲ 

မရိုးအီပဲ

တစ်မျိုးထင်နေသေးတယ်

မြင်ယောင်တမ်းတ သူ့မျက်နှာလေး

ပျောက်ကွယ်မှာလဲ

တွေးကြောက်ဆဲကွယ်.....

Friday, September 20, 2019

လမ်းဘေး

စိတ်ဆန္ဒတွေ ပြည့်ဖို့အတွက်

ပန်းမခူးချင်ပေမဲ့ ခူးခဲ့ပြီ

ငါမျှော်လင့်တဲ့ပန်းလေး

နွမ်းသွားမှာလဲ မလိုချင်ဘူး

အလှမ်းမဝေးပါရစေနဲ့....

မင်းရဲ့ အနားမှာပဲ

အလွမ်းတေးတွေ သီဆိုပါရစေ

အနမ်းလေးတွေ လိုချင်ပေမယ့်

ငါ့ဘဝက လမ်းဘေးမှာပါ...

Friday, September 13, 2019

နာကျည်းသူရဲ့အမုန်း

စစ်မြေပြင်မှာတွေ.လျက်

စစ်မခင်းပဲ

မဟာမိတ်ဖွဲ.ချင်ယောင်ဆောင်ပြီး

ချုံခိုအတိုက်ခံရတယ်။

အိပ်မက်ထဲမှာတောင်ထည့်မမက်ခဲ့ဖူးဘူး

နောက်ကျောဓါးထိုးခံရမယ်ဆိုတာကို

2011ရေ

မင်းကတော.ပထမဆုံးလမှာပဲ

ငါ့အတွက်သင်ခန်းစာသစ်တစ်ရပ်ပေးတယ်။

ခေါင်းစဉ်က

တရားလွန်ယုံကြည်မိခြင်းရဲ.ဆိုးကျိုးတဲ့

ကြမ္မာရဟတ်တစ်ပတ်လည်လို့

နင့်အလှည်.ရောက်လာတဲ့အခါ

ငါ့လိုအပြုံးမပျက်ခံယူနိုင်ပါစေလို့

ငါဆန္ဒပြုပါတယ်။

ခွင့်လွှတ်ပေးလိုက်ပေမဲ့

ငါလည်းပုထုဇဉ်ပဲမို့

ဒီတစ်သက်ဒီဘဝ

ဒီမျက်နှာကိုမမြင်ချင်တော့ဘူးဟာ......

Friday, September 6, 2019

တစ်သက်စာအရှုံး

နင့်အပြုံးတစ်ချက်ရဖို့

ငါ့မျက်ရည်တစ်စက်ရင်းရမယ်ဆိုရင်လည်း

ငါမငြိုငြင်ပါဘူး ချစ်သူ...

နင်သာပျော်နေမယ်ဆို

ငါ့ရဲ့ဟန်ဆောင် မျက်နှာဖုံးအောက်ကို

နင်မမြင်အောင် ငါလျှို့ဝှက်ထားပေးပါ့မယ်...



ကြယ်ကြွေတာမြင်ရင်

ဆုတောင်းပြည့်တတ်တယ်တဲ့

ငါကြားဖူးတဲ့ စကားလေးတစ်ခုလေ

ငါ့ဆန္ဒမပြည့်ချင်နေပါ

ငမိုက်သား ဖြစ်လိုကဖြစ်စေ

အများလိုအင်ပြည့်ဖို့

ကြွေလွင့်ပေးရတဲ့ ကြယ်တစ်ပွင့်

ငါမမြင်ရက်တာမို့

ဆုမတောင်းလိုပါဘူး ချစ်သူ....



နင့်ရဲ့ချစ်ခြင်း အပြည့်အဝမရနိုင်မှတော့

အတ္တကြီးတယ်ဆိုချင်ဆို

အလွမ်းတွေနဲ့ ငါနေတတ်ခဲ့ပြီပဲ

ငါ့အတွက်တော့ ဝေဒနာတွေဟာလည်း

မထူးဆန်းတော့ပါဘူး...



ငါ့ရင်ခွင်နန်းတော်မှာ

တစ်ဦးတည်းသော အရှင်သခင်အဖြစ်

နေရာပေးပြီးချစ်ခဲ့လည်း

နင်မှမနေလိုခဲ့တာ

လက်ပြနှုတ်ဆက် ထွက်သွားလိုသူကိုလည်း

ငါမတားချင်တော့ပါဘူး...



ဒဏ်ရာတွေနဲ့

ငါဘယ်လိုရပ်တည်နေမလဲဆိုတာ

နင်သိစရာမလိုတော့ပါဘူး...

(သိလည်း နင်မှစိတ်မဝင်စားတာ)

ငါ့အတွက်ကတော့

နင်သာပျော်နေမယ်ဆိုရင်

အရာရာ အဆင်ပြေပါတယ်...

Friday, August 30, 2019

ချစ်သူ

လောင်ကျွမ်းနေတဲ့

နှလုံးသားတစ်ခုပေါ်ကို

တစ်စက်ဆိုရုံလေး ခပ်ဝေးဝေးကပဲဖြစ်ဖြစ်

မင်းရွာချလိုက်ပါလား

ငါ့မှာတော့ဘယ်အခါညိုလို့

ဘယ်အခါပြိုမလဲ

မင်းရဲ့အသံလေးကိုနားစွင့်

မျှော်လင့်လို့နေလိုက်ရတာ

အချိန်တန်တော့လည်း မင်းကတဂျိမ်းဂျိမ်းနဲ့

ရှောင်တိမ်းလို့သွားနေလိုက်တာ

အမှတ်တမဲ့ပဲလို့ မင်းပြောအုံးမှာလားကွာ

ဒီလိုနဲ့ပဲ

ခြောက်ကပ်ကပ်နဲ့ အိမ်ပြန်ရက်တွေဆက်ခဲ့ရတာ

မင်းနဲ့ပက်သက်တဲ့ငါ့ရဲ့ အမှတ်တရလေးတွေပါ.......

Friday, August 23, 2019

ကျနော်မသိချင်းများ

အချစ်ဆိုတာ......

သူ့မျက်နှာလေးကို

အမြဲတမ်းမြင်တွေ့နေချင်တာလား

သူ့အသံလေးကို

ကြည်နူးနေမိတာလား

သူ့ရဲ့လှုပ်ရှားမှု့လေးတွေကို

သံစဉ်တေးသွားလေးတွေလို

ခံစားမိတာလား

ကျနော်မသိ

ဒါပေမယ့်

ခြေလှမ်းတိုင်းကတော့သူ

သူရှိရာဆီ.....................

Friday, August 16, 2019

ပျောက်ဆုံးခြင်း

လောကကြီးရယ်

တရားသေးရဲ့လား

ပေးခဲ့သစ္စာတရားတွေ

ဘယ်နားမှာလဲ

ပြောခဲ့တဲ့ချစ်စကားတွေ

ထားခဲ့တော့လဲ

အလဲအကွဲပါပဲဟာ

အကြင်နာ နှလုံးသားကိုမှ

တမင်မုန်းထားခဲ့တဲ့တွက်

ရင်နာလို့မဆုံးခဲ့ပါဘူး

အရှုံးသားဘဝနဲ့

နှလုံးသားလှတဲ့လူတစ်ယောက်

ဆုံးသွားခဲ့တာ ခြောက်လရှိပြီ.......

ကောင်မလေးအတွက်

လှိုူင်းခတ်နေတဲ့ ဒီရင်က

အကြင်နာသံစဉ်တွေကို

တကယ်ပဲမင်းမမြင်လို့လား

ချစ်နေတာကိုသိရဲ့နဲ့

ခံရခက်အောင် မင်းကလှောင်ပြုံးလို့

မာယာတွေသုံး နေတာလား....

ဒါမှမဟုတ်

မင်းအတွက်

နေလို  လလို  အရိပ်လေးလို

မရိုးနိုင်ပါဘူးလို့ဆိုတဲ့

မင်းရဲ့  Hero  နေရာမှာ

ငါဟာ အစားထိုးနိုင်မဲ့သူ မဟုတ်လို့လား.....

ကောင်မလေးရယ် မင်းသိထားပါ

မင်းရဲ့နေ့များ အမောတွေကြားမှာ

မင်းခိုနားတဲ့ အရိပ်တစ်ခု ဖြစ်ခွင့်မရခဲ့ပေမယ့်

မင်းဘဝရှေ့ရေး မင်းရင်အေးစေဖို့

ငါလေအေးအဖြစ် ရှိနေမယ်ဆိုတာ

မင်းရဲ့ရောင်စဉ် မင်းကောင်းကင်လို

ထာဝရ ဖန်ဆင်းနေတစ်စင်း

ဖြစ်ခွင့်မရပေမယ့်

သူ့ရဲ့အပူ မင်းမယူနိင်ဖို့

ငါတိမ် ထူထူတွေ အဖြစ်ရှိနေမယ်ဆိုတာ....

မင်းရဲ့ဘဝ မင်းညတွေကို

ထာဝရဖန်ဆင်း လ တစ်စင်းဖြစ်ခွင့် မရပေမယ့်

မင်းရဲ့အပါး မင်းအနားမှာ

 အမြဲခစား ကြွေလွင့်သွားတဲ့အထိ

 အပြုံးတွေဆင့် ကြယ်တပွင့်လို ငါရှိနေမယ်ဆိုတာ

 ကောင်မလေး ယုံထားပါ.....

Friday, August 9, 2019

နွံ့ထဲမှာကြာ

သွားမယ် သွားမယ်နဲ့

တကယ်တမ်းကျတော့

ခြေထောက်တွေကို

အခုမှ

ရေဆေးနေတုန်း

ရေကန်ထဲ

ကြာဆင်းချိုးမိတာလေ

ရလိုက်ပြန်တော့

ကြာပန်းက တစ်ပွင့်တည်း

ရွှံ့ပေနေတဲ့ ခြေထောက်

ရေဆေးလို့မှ မခြောက်ခင်

ကြာပန်းပွင့်ဖတ်တွေက

နွမ်းချင်ချင်နဲ့

မလိုချင်တော့ဘူးလို့

ပြောချင်ပေမယ့်

ကြာပန်းက ခူးပြီးနေပြီ

ရွှံ့တွေလည်း

ပေကျံနေပြီ

တစ်က ပြန်စလို့မှ

မရတော့ဘဲ

မျက်ရည်တဝဲဝဲနဲ့

ကြာပန်းကို ဘုရားတင်

အားအင်နည်းပါးတဲ့

ကိုယ့်အတွက်တော့

မနက်ဖြန်တွေကို

ဒူးနဲ့တိုက်ဖို့

ဒူးပေါ်က မျက်ရည်စတွေကို

ခဏခဏ ဖယ်သုတ်နေရပေါ့

သွားမယ် သွားမယ်နဲ့

ဟောဒီ တဲစုတ်ထဲမှာ

ငါ....

ရွာလည်နေပြီ.....

Friday, August 2, 2019

မျက်ရည်မြစ်ကျဉ်း

စိတ်ကိုရွေ့လျား

မေ့ထားရုံနဲ့

မေ့သွားရင်လည်း

အကောင်းသား

မမေ့မမုန်း

တစ်နေ့လုံး....သူ

စိတ်ကိုယူငင်

ရင်တွင်းရစ်ဖွဲ့

နှောင်တွယ်နွဲ့ပြုံး

လှော်ရင်းနစ်ပြီ

မပျော်နေ့ည

မေ့မရလို့

တွေ့ကြတဲ့အခါ

သူမြင်သာအောင်

ကြင်နာအရိပ်

အလွမ်းစိတ်ကို

ပါးစပ်ပိတ်ထား

နှလုံးသားမှ

မျက်ရည်များဖြင့် ပြချင်တယ်....

Friday, July 26, 2019

အလွမ်း

တစ်ခါတလေအတွေး

ကဗျာတွေရေးလိုက်ချင်တယ်

ယောက်ရက်ခက်နေတဲ့ကြားထဲ

အနှောက်အယှက်တွေ

ဝင်လာသေးတယ်

နောက်နေ့လဲတမ်းတမှာမို့

လွမ်းရတာလို့

စာအမည်တပ်ပေးလိုက်မယ်

အလွမ်း....

Friday, July 19, 2019

စနစ်

အသွင်မပြောင်းလေဟု
ယခင်ဟောင်းမှာ တလည်လည်နဲ့
မခင်တွယ်စရာ အပုပ်အသိုးတွေမို့
အလွန်ရုပ်ဆိုးပါတဲ့ လူ့ရပ်ရွာ။

သူ့ထက်သာ ငါသာမြတ်တယ်လို့
အတတ် တံခွန်ထူ၍
မျိုးဇာတ်တူ လူလူချင်း
ညှဉ်းလို့နေတာ။

တကယ် မနွဲ့လေနဲ့
တစ်လှည့် တစ်ပြန်စီပေါ့
အလီလီ ခေါင်းပုံဖြတ်ပါလို့
လည်ပတ်သူ ဆူဆူဖြိုးနေကြ
လောကမှာ တစ်ထွာထုံးကဲ့သို့
ကျင့်သုံး၍ ချိန်ရှည်တာ
ဤကမ္ဘာဖြင့် ကြာပြီပဲ။

ရဟတ် ပုံအသွင်နဲ့
ငါ့ဖို့မြင် ငါ့ဖို့တွေးကာပ
မအေးနိုင် မချမ်းနိုင်
လောဘတွေ တလှိုင်လှိုင်ကြောင့်
ပြိုင်ဆိုင်ကာ စိတ်တွေစောပါလို့
ရင်မောဖွယ် သည်စနစ်ကယ်က
ထွန်းလှစ်သည် အရောင်ပြန်ပေါ့
အရင်းခံ သူ့ကိုပြောင်းပါမှ
အဟောင်း သည်ကမ္ဘာ၌
လူတကာ ချမ်းသာမြင်လိမ့်မယ်
တွေးချင့်ဝေခွဲ။ ။

Friday, July 12, 2019

ရှင်သန်ချင်တဲ့ နှလုံးသား

ရိုးရိုးလေးပါပဲ ငါချစ်ခဲ့တာ

တကယ်ပါ အမျိုးမျိုးတွေးထားပါတယ်

ဒါပေမဲ့ နင်နဲ့ပက်သက်ရင်

တစ်မျိုးပြီး တစ်မျိုးခံစားရလဲ

တိုးတိုးပြီး ချစ်ချစ်နေလို့

အဆိုးကြီးပဲခံစားရလဲ

ငါကျေနပ်နိုင်ပါတယ်...


အသေတော့ မသတ်ချင်ပါနဲ့ဟာ

နင့်အတွက် ငါသေရဲပေမယ့်

ခံစားနေတဲ့ ငါ့နှလုံးသားလေး

ဒီအတိုင်း ရှင်သန်စေချင်လို့ပါ ..............