Wednesday, April 1, 2020

အေပရယ်(လ်)ဖူး(လ်)


ဘယ်လိုလဲ သင်္ကြန်ရယ်

နင်နဲ့ငါနဲ့တော့

ခဏခဏ ရန်ဖြစ်နေရတာပဲကွယ်

ခုလည်း နင်က

ပိတောက် အားကိုးနဲ့

ငါ့ကို ပုတ်နှိုးလိုက်ပြန်ပြီပေါ့

အားနာပါဦးတော့လား

ရိုးရိုးသားသားမှားခဲ့တဲ့

နှလုံးသားလေးပါ

ကဗျာ မဆန်ခဲ့ဘူး

အရူးတစ်ယောက်လို

နင့်ကို ငါကြောက်တယ် မိပိတောက်

တစ်နှစ်တစ်ခါ ဒီဒဏ်ရာ

နာကျင်ခံခက် နှိပ်စက်လို့

ရင်နာနာနဲ့ ရယ်ရတယ်

ရေစိုနေတဲ့ အိပ်မက်လေး

ဖျားနာခဲ့ပါပြီကွယ်

အားနာပါတော့ သင်္ကြန်ရယ်

ငါ့ကို ထပ်မတွေ့ပါနဲ့တော့လေ.....

No comments:

Post a Comment