ဘုရားကို တစ်ခိုင်လှူ
ချစ်သူကို တစ်ခက်ပေး
ရတက်အေးစေဖို့
တစ်သက်မဝေးရအောင်
အမျက်ကလေးပြေဖို့
ဆုပန်ချွေ....။
နေကလည်နေ
နွေကလည်းနွေ
မေကလည်းမေ
ပိတောက်ပန်းတွေ
ဝေဝေပန်လို့
မူဟန်နွဲ့လှနေ....။
သင်္ကြန်ရေ အတူချိုး
နွေမိုး မသက်ခင်
ရင်ခွင်တိုး တိုးဖက်
လွတ်မထွက်အောင်ထွေး
ပန်းကို မွှေးလို့
ပါးကိုနမ်း
ရွင်လန်းရင်ခုန်
မလုံမလဲ
အသည်းသိမ့်နွေးနွေး
ချစ်တေးထွင်းဖောက်
နေ့စဉ် ပိတောက်ပွင့်ပါစေ....။
No comments:
Post a Comment