အင်ဂျင်နီယာ ဘူမိဗေဒရဲ့ သီအိုရီတွေ
ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ သက်ရောက်မှု့
ဓာတ်ပုံ၊ မြေပုံ ဘာသာရပ်နဲ့
ကျောက်မျက်များ အကြောင်းက
ငါ့ဦးနှောက်မှာ အလုပ်တွေရှုပ်လို့ပေါ့
ဒါပေမယ့်နှလုံးသားက
ကဗျာတစ်ပုဒ်ကို ရူးသွပ်နေတယ်လေ
"အပျင်းပြေ ဖျော်ဖြေမှုလား"?
"ဟင့်အင်း" "စူးနစ်စွာ ငြိတွယ်မှုပါ"
တကယ်ဆို မျဉ်းပြိုင်တွေတောင်
ဝင်ရိုးစွန်းမှာ ဆုံတွေ့နိုင်ပေမယ့်
ဆုံမှတ်တစ်ခုနဲ့ တို့နှစ်ယောက်ဘဝက
ကြက်ခြေခတ်လို့ "အစွန်းတစ်ဖက်ဆီနဲ့"ပါ
အစွန်းနှစ်ဖက်(တို့နှစ်ယောက်) ပြန်ဆုံမဲ့ရက်ကို
သက္ကရာဇာ်တွေထဲမှာ မျှော်လင့်မိတယ်
ခုတော့ ငါ့ရင်ထဲက ကဗျာတစ်ပုဒ်
စုတ်ချက်ကြမ်းရေးဆွဲနေတုန်း
လောကရဲ့ ခွဲခွါခြင်း ခေါင်းစဉ်အောက်မှာ
ဆေးမခြောက်ခင် အရောင်လွင့်ပြယ်ခဲ့ရတယ်
No comments:
Post a Comment