Friday, March 19, 2021

မသိကိန်း

ခွဲခွာခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ

လွတ်လွပ်ခြင်းမရှိတဲ့ ခံစားမှု 

ထိန်းချုပ်မရတဲ့ မျက်ရည် 

အဆုံးမရှိတဲ့ အလွမ်း 

မရေရာတဲ့ မျှော်လင့်ချက် 

အိပ်မရတဲ့ ညနက်နက်တွေ 

အားလုံး...အားလုံး 

မြုတ်နှံကြရတာပါ 

ဒီဇင်ဘာလရဲ့ နံနက်ခင်းမှုန်ဝါးဝါးတွေ 

အခါများစွာတမ်းတဖူးတဲ့ ညနေခင်းတွေ 

အပ်ကွဲခဲ့ရတဲ့ နှလုံးသားတွေ 

အားလုံးဟာ ဝမ်းနည်းဖို့ကောင်းပေမဲ့ 

ကောင်မလေးကတော့ မသိရှာဘူး...

သံယောဇဉ်တွေဟာ လွန်ပူတစ်ချောင်လို 

ရင်ကိုတမြေ့မြေ့ လောင်ကျွမ်းစေခဲ့တာ 

ရင်နာဖို့ကောင်းပေမယ့် 

ကောင်မလေးကတော့ မသိရှာဘူး...

ဆုံတွေ့ဖူးတဲ့ နေရာဟောင်းတွေ 

အထပ်ထပ်ရစ်ပြီးဖွင့်ခဲရရတဲ့ သံစဉ်တွေ 

အားလုံကို တမ်းတနေပေမဲ့ 

ကောင်မလေးကတော့ မသိရှာဘူး... 

အချစ်ဆိုတာ မျက်ရည်နဲ့လောင်း 

နှလုံးသားနဲ့ ပေါင်းသင်းတာကို 

ခံစားတတ်သူတိုင်း နားလည်ပေမဲ့ 

ကောင်မလေးကတော့ မသိရှာဘူးဗျာ...

No comments:

Post a Comment